|
ယခုခေတ်သည်၊ နောက်ဆုံးသောကာလ၊ အစစအရာရာတိုးတက်နေသောအချိန်၊ ကွန်ပျူတာ (Internet) ခေတ်ရောက်ပြီမို့ ၊ လူတိုင်း၊ လူတိုင်းတွေ့ဆုံမိဿဟာယဖွဲ့ဘို့ မအားမလပ်ကြတော့ချေ။ အထူးသဖြင့်ဘုရားဝတ်ပြုမည့် အချိန်၊ ယုံကြည်သူအချင်းချင်းတွေ ဆုံမိတ်ဖွဲ့မည့် အချိန်များမရှိတော့ပါ။ မိမိအလုပ်တာဝန် အသီးသီးရှိကြသည်နှင့် အမျှ၊ အလုပ်ထဲမှာနှစ်မြှုပ်နေကြလေသည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလတွင် ယုံကြည်သူများအတွက် အဓိကလိုအပ်ချက်မှာ၊ စစ်မှန်သောမိဿဟာယများရှိဘို့င်မတန်လိုအပ်ပါသည်။
လူနှင့် ဘုရားမိဿဟာယ။
ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော် ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့ သည်ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသည်၊ အရာကိုသင်တို့အားပြသကြ၏ (၁ဆယာ ၁း၃)။ တမန်တော်ယောဟန် သည်၊ ခမည်းတော်နှင့်၎င်းသားတော်ယေရှုခရစ်နှင့်၎င်း၊ နေ့စဉ် မိဿဟာယဖွဲ့လျက်ရှိကြောင်းထက်ပါကျမ်းစာ၌ ဖေါ်ပြခဲ့သည်။
ထို့ကြောင့်ကျွန်ုပ်တို့ယုံကြည်သူတိုင်းသည်လည်း၊တစ်ဦးချင်းဘုရားသခင်နှင့်ချိန်ကိုယူ၊ မိဿဟာယဖွဲ့ဘို့ လွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော်၊ယခုနေ့ ရက်ကာလသည်၊ ဆိုးယုတ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ဟုကျမ်းစာမှာအမိန့်ပေးထားပါသည်(ဧဖက် ၅း၁၆)။ ပတ်ဝန်းကျင် အခြေအနေကို ကြည်လျှင်၊ မအားမလပ်၊ အလုပ်များပြီ၊ ရှုပ်ရှက်ခတ်နေသည်ကိုတွေ့ရမည်။ ပတ်ဝန်းကျင် အခြေအနေကတနေ့ထက်တနေ့ဆိုးယုတ်နေသည်ကိုသာတွေ့ရပေလိမ့်မည်။ ထို့ကြောင့်ထိုမအားမလပ်သည့် အချိန်ထဲကရွေးနှုတ်ပြီး၊ ဘုရားသခင်နှင့်တဦးချင်းအချိန်ယူ၊ကျမ်းစာဖက်၊ ဆုတောင်းဘို့လိုအပ်ပါသည်။
ခရစ်ယာန်တဦး၏ သက်တာ၌ ရေးအကြီးဆုံးသောအချက်တခုမှာဘုရားသခင်နှင့်တဦးချင်းအချိန်ယူခြင်းသာ ဖြစ်ကြောင်း၊ ၁၈ ရာစု၊ ၁၉ရာစု အမူတော်ဆောင်ကြီးများဖြစ်သောဒီအယ်(လ်) မူးဒီ (D.L. MOODY) ဟတ်ဆင်တေလာ (HUSON TAYLOR) ဂျော့ (ခ်ျ) မူလာ (GEORGEMULLER) တို့၏ အသက်တာကိုလေ့လာလျှင်၊ တနေ့ကို ၃နာရီ မှ၊ ၄ နာရီအထိဘုရားသခင်နှင့်
အချိန်ယူကြကြောင်းတွေ့နိုင်၏။ ငါ၏မျက်နှာ ကိုရှာကြလော့ဟူသောဘုရားသခင်၏အမိန့်တော်ကိုနာခံလျက် ဘုရားမျက်နှာ ကိုနေ့စဉ် ရှာကြကြောင်းသိရ၏ (ဆာလံ ၂၇း၈)။
ထို့အပြင်ဒံယေလအသက်တာကိုကြည့်ပါ။ အလုပ်များနေသည့်အထဲမှတနေ့ သုံးကြိမ်ပုံမှန်ဆုတောင်းခဲ့သည်(ဒံယေလ ၆း၁၀၊ ၁၆-၁၈)။ မောရှေသည် ဣသရေလလူပေါင်း ၆သိန်းခန့်ကိုပို့ဆောင်သောခေါင်းဆောင်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့် အချိန်ယူဆုတောင်းခဲ့သည်(ထွက် ၃၃း၁၁။ ၃၄း၂)။ ရှင်ဘုရင်ဒါဝိဒ်ကို ကြည့်ပါ။ ဘုရားသခင်နှင့် တချိန်လုံးမိဿဟာယဖွဲ့သူဖြစ်ကြောင်းတွေပေလိမ့်မည်( ဆာလံ ၅း၃၊ ၁၁၉း၁၆၄)။
ကမ္ဘာကျော်ဧဝံဂေလိဆရာကြီး၊ ဂျွန်ဝယ်စလီ (John Wesley) ၏မိခင်သည် ခလေးအယောက် ၂၀ နီးပါးရှိသော်ငြားလည်း၊ သူမ၏ လခလေးများအတွက်၊ ဘုရားရှင်ထံ၌ ကလေးတယောက်စီအတွက် တနေ့ တနာရီအချိန်ပေးခဲ့သည်။ ထို့အပြင် တပတ်လျှင်သူမ၏ခလေးတယောက်စီအား (၁) နာရီစီကြာ၊ သမ္မာကျမ်းစာကိုဆွေးနွေးသင်ကြားခြင်းဖြင့်၊ ပြုစုပျိုးထောင်ခဲ့ကြောင်းတွေရစ။ထို့ကြောင့်လည်းသူတို့သားများ ကြီးပြင် လာသောအခါအမူတော်ဆောင်ကောင်းများဖြစ်ပါလေသည်။
သို့ဖြစ်၍ သင်သည်အောင်မြင်လိုသူဖြစ်လျှင်၊ တဦးချင်းဘုရားသခင်နှင့် အချိန်ယူဘို့၊ သတ်မှတ်ပါ။ ယနေ့ဘဲစတင်လုပ်ဆောင်ပါ။ ဘုရားထံမှ ခွန်အားအသစ်ရရှိပါလိမ့်မည်။
အချင်းချင်းမိဿဟာယဖွဲ့ခြင်း။
ယုံကြည်သူခရစ်ယာန်တယောက်၏ အသက်တာတွင် အရေးကြီးဆုံးသောအချက်တခုမှာ၊ ယုံကြည်သူအချင်းချင်းမိဿဟာယဖွဲ့ခြင်းဖြစ်သည်။ (ဥပမာ) ထင်းစများစုပုံ ပြီးမီးရှို့ ထားလျှင်တောက်လောက် လျက် ရှိပေမည်။ ထိုထင်းစတစကိုမီးပုံထဲမှနှုတ်ပြီး၊ တချောင်းတည်းဘေးဖယ်ထားလျှင်၊ မကြာမှီ၊မိး ငြိမ်းသွားပေလိမ့်မည်။ ယခုခေတ်သည်၊ ရှပ်ရှင်၊ ဗီဒီယို၊ ခေတ်ဆိုတော့၊ ၀တ်ပြုစည်းဝေးမသွားဘဲ၊တရားဟောချက်ကို၊ ရေဒီယိုမှသော်၎င်း၊ တီဗီနှသော်၎င်း ကြည့်ရုံနားထောင်ရုံနှင့်၊ ဘုရားကျောင်းနှင့်ဝေးကွာခဲ့ကြလေသည်။တချို့ ကအဘယ်ကြောင့်ဘုရားကျောင်းမလာသလဲလို့ မေးလျှင် မအားလိုဟုသာဖြေဆိုကြလေသည်။
သို့သော်၊ ထိုဘုရားကျောင်းမှာ၊ နိုင်ငံတော်ဝန်ကြီးတပါးပါးကခင်ဗျာကို (၉) နာရီတိတိမှာတွေ့ချင်သည် ဟုဆိုလျှင် မအားမည့်သူရှိမလောဟုကျွန်ုပ်တွေးမိပါသည်။ ဤသို့ဝန်ကြီးကချိန်းဆိုတာမှန်လျှင်၊ မိမိအလုပ်ကိုထားခဲ့ပြီး၊ သွားကြပေလိမ့်မည်။ ချစ်သောဓမ္မ မိတ်ဆွေ၊ ယခုသွားရမည့် ဓမ္မစည်းဝေးသည်နေရာမှာ၊ ၀န်ကြီးအားလုံးတို့ထက်ကြီး မြတ်သော၊ ဘုရင်တကာတို့၏ ဘုရင်နှင့်တွေ့ဆုံရမည်ဖြစ်လေသည်။ငါ၏နာမ ၌၊ လူနှစ်ဦးသုံးဦးတို့သည်စည်းဝေးလျှင်၊ ထိုသူတို့ အလယ်မှာငါရှိမည်ဟုခရစ်တော်ကိုယ်တိုင်မိန့်မှာခဲ့လေသည် (မဿဲ ၁၈း၁၉-၂၀)။ ချစ်သောဓမ္မမိတ်ဆွေ၊ သင်ကိုယ်တိုင်၊ ဓမ္မစည်းဝေးခြင်းနှင့်ကင်းကွာနေပါသလား။
အချင်းချင်းမိဿဟာယဖွဲ့ခြင်း၏ အကျိုးကျေးဇူးမှာမြောက်များစွာရှိပါသည်။ ဓမ္မအစည်းအဝေး၊ ၀တ်ပြု ခြင်းသို့ ကိုယ်တိုင်ရောက်လာ ခြင်းအားဖြင့်၊ တယောက်နှင့် တယောက်ထိတွေ့မူ၊ မေတ္တာဓါတ်ကိုခံစားရပါမည်။ ထိုမှတဆင့် အချင်းချင်းတိုက်တွန်းခြင်း၊ အားပေးခြင်း၊ သက်သေခံခြင်း၊ဝေမျှခြင်း၊ ဆုတောင်းပေးခြင်း၊ ကူညီမစခြင်း၊ တယောက်နှင့် တယောက် အကြံပေးခြင်း၊ အကျိုးများရရှိပါလိမ့်မည်။
တခါကတမန်တော်ပေတရုထောင်ကျနေစဉ် ယုံကြည်သူများ စုဝေးလျက်ဆုတောင်းပေးသော အခါ၊ လွတ်လာသော်လည်း၊ မယုံကြပါ။ မိန်းမငယ်လေးရောဒေကရှင်ပေတရုလွတ်လာပြီဟုဆုတောင်းအဖွဲ့ကိုပြေးပြောသော်လည်းသူတို့က၊ သင်သည် အရှုးဖြစ်၏ဟုဆိုကြ၏။ သို့သော် ထိုမိန်းမငယ်သည်၊ ပေတရုအမှန်ရှိသည်ဟုအခိုင်အမှာဆိုပြန်သောအခါ၊ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏ (တ ၁၂း၁၁-၁၆)။ ဤသို့ဖြင့် ပေတရုလွတ်လာဘို့ဆုတောင်းနေသောအဖွဲ့သည်၊ ယုံကြည်ခြင်းမရှိကြသော်လည်း၊ ယုံကြည်သောလူနည်းစု၏ ယုံကြည်ခြင်းအားဖြင့်ရှင်ပေတရုလွတ်လာသည်ကိုတွေ့ရလေ၏။
အကြောင်းမှာ၊ ယုံကြည်သူလူနှစ်ဦးသုံးဦးတို့ သဘောတူ၍ယေရှုနာမ၌၊ စည်းဝေးခြင်းအလယ်မှာ၊ ယေရှုဘုရားကိုယ်တိုင်ရှိနေသောကြောင့်ဖြစ်လသည်။ ဆိုလိုသည်မှာ၊ဘုရားမျက်မှောက်တော် (The Presence of God) သည်၊ စည်းဝေးသော အလယ်၌ ရောက်လာခြင်းကြောင့်၊အနာရောဂါ ရှိသူများ၊ ရောဂါငြိမ်းခြင်းရကြသည်။ ပြသနာရှိသူများ ပြဿနာ ငြိမ်းအေးကြသည်။အကြွေးရှိနေသူများ၊ အကြွေးပြဿနာပြေလည်ကြသည်။ ဘုရားမျက်မှောက်တော်ထဲမှာတယောက်နှင့် တယောက်ခွင့်မလွှတ်နိုင်၊မုန်းတီးနေခြင်းမှ၊ အပြစ်လွှတ်ခြင်းရရှိကြသည်။ဆင်းရဲသားးများ၊ ဝေငှအေးကမ်းကြပြီး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ဝိညာဉ်ပိုင်းဆိုင်ရာ၊ ကြွယ်ဝချမ်းသာမှုရလာကြသည်။
ရှေ့ ကနေဦးအသင်းတော်များ၌၊ စိတ်နှလုံးတညီတညွတ်တည်းရှိကြ၍၊ အဘယ်သူမျှမိမိဥစ္စာတစုံတခုကို၊ ငါဥစ္စာဟူ၍ မဆိုဘဲလျက်ရှိသမျှသောဥစ္စာတို့ကိုဆက်ဆံသဖြင့်သုံးဆောင်ကြ၏။ ထိုသူတို့ တွင်ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်းမူကား၊ အိမ်၊ မြေကွက်၊ ကိုပိုင်သောသူရှိသမျှတို့သည်၊ ရောင်းပြီးလျှင်တမန်တော်တို့၏ ခြေရင်း၌ ထားကြသဖြင့်၊ လူများဆင်းရဲသည့် အတိုင်း၊အသီးအသီးတို့အား ဝေငှပေးကမ်းကြ၏ ( တ ၄း၃၂-၃၅)။ ဤသည်မှာယုံကြည်သူအချင်းချင်းမိဿဟာယဖွဲ့ခြင်း၏အကျိုးကျေးဇူးများဖြစ်ပါသည်။ ထို့အပြင် မိဿဟာဖွဲ့ ရင်း နှုတ်ကပတ်တော် အတူတကွလေံလာရင်း၊အတူတကွဆုတောင်း ခြင်း၊ ပွဲတော်ဝင်ခြင်းများပြုလုပ်ကြောင်းတွေ့ရ၏ (တ ၂း၄၁-၄၂)။
ချစ်သာဓမ္မမိတ်ဆွေ၊ လူကိုယ်တိုင်မိဿဟာယဖွဲ့ ခြင်း၏ အကျိုးကျေူးဇူးကိုအသက်တာဖြင့် သက်သေခံလိုပါသည် တနေ့ရှမ်းပြည် အရှေ့ ပိုင်းကျိုင်းတုံမြို့ ၊ တပ်မတော်သားများသားဖွားခန်းမှာမိဿဟာယဖွဲ့ကြစဉ်၊ ရှမ်းအမျိုးသမီး၊ မုဆိုးမတယောက်ထပြီးဆုတောင်းချက်တင်ပြသည်မှာ၊ ကျမမှာဝက်သုံးကောင်ရှိ၍သုံးစုပ်လောက်သာရှိသဖြင့် ရောင်း၍မရ၊သတ်စား၍ မဖြစ်၊ ၀က်စာကုန်နေလို့ ဆုတောင်းပေးဘို့၊ တင်ပြလေသည်။ ထိုမိဿဟာယထဲကရဲဘော် တယောက်ထပြီး၊ဆုတောင်းနှင့်တော့ အဖြေရပြီ။ ကျွန်ုပ်သည် တပ်မတော်ထမင်းချက်တယောက်ဖြစ်ပါသည်။ တနေ့တနေ့ရဲဘော်များ၊ထမင်းဟင်းကျန်၊ သုံးလေးပုံရှိပါသည်။ ထိုကြောင့်ယနေ့ ညမှစပြီးလာယူပါဟုပြောဆိုရာ၊ ဆုမတောင်းမှီအဖြေရလေသည်။
ထို့အတူတနေ့ ရန်ကုန်၊ အနောက်ပိုင်းဆေရုံအနီး၊ အလုံမှာ၊ မိဿဟာယဖွဲ့ကြရာ၊ လက်ဝဲဖက် ခြေပြတ်နေသူတယောက်ကထပြီးလက်ျာဖက်အတွက်၊ ဆင်ကြယ်နံပါတ်(၁၀) တဖက်သာဘုရားပြင်ဆင်ပေးဘို့ဆုတောင်းခံရာ၊ လက်ျာထက်ခြေပြတ်နေသူတယောက်ထလာပြီး၊မနက်ကကျွန်ုပ်အမေသည်၊ ကျွန်ုပ်အတွက်ဆင်ကြယ်နံပါတ် (၁၀) ၀ယ်လာပေးရာ၊ လက်ဝဲဖက်၊ တဖက်ကိုကျွန်ုပ်ယူစီး၍ကျန်တဖက် မိတ်ဆွေအားပေးပါမည် ဟုပြောဆိုသဖြင့်ဆုမတောင်းပဲအဖြေရလေသည်။ ထို့ကြောင့်ချစ်သောမိတ်ဆွေ၊သင်သည်လည်း၊ ကောင်းကြီးရရှိလိုပါက၊ မိဿဟာယကိုမပျက်မကွက်နီးစပ်ရာနေရာမှာတက်ရောက်ပါ။
ထို့အပြင် မိဿဟာယ အစည်းဝေးမှာ၊ ပါဝင်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာပြဿနာများ၊ ၀ိညာဉ်ပိုင်း ဆိုင်ရာ၊ အားနည်းချက်များကို၊ ပြန်လည်ပျိုးထာင်ဖြေရှင်းနိုင်ပေလိမ့်မည်။ နောက်ဆုံးလူကိုယ်တိုင် မတက်ရောက်နိုင်သည့် အဆုံးမှာတော့ စာအုပ်စာပေအားဖြင့် မိဿဟာယဖွဲ့လျက် ခွန်အားရယူပါ။ Online များမှာ၊ ဓမ္မစာပေအမျိုးမျိုး၊ ဆောင်းပါးအမျိုးမျိုး၊ ဖတ်ရှုခြင်းအားဖြင့် ခွန်အားရယူပါ။
ယုံကြည်သူတိုင်း၊ ဘုရားသခင်နှင့်၎င်း၊ ယုံကြည်သူအချင်းချင်းနှင့်၎င်း မိဿဟာယဖွဲ့ လျက်၊ ကြီးရင့်သောပမာဏအရပ်သို့တက်လှမ်းကြကုန်အံ့ (ဟေဗြဲ ၁၀း၂၄-၂၅။ ဧဖက် ၄း၁၃။ ၂ပေ ၃း၁၈)။
ဓမ္မမိတ်ဆွေတိုင်းမိဿဟာယအားဖြင့်ကောင်းကြီးခံစားနိုင်ကြပါစေ။
Rev. Saw Kay
Source:SOL
|