Category: Burmese

Category: Burmese

11. LUNG GIMNA
March 12, 2019 Burmese, Uncategorized, Zokam FGAIM

Tulai leitung in haksatna a tuak lianpi pen nuclear galvan leh gentheihnate sangin mihing lungsim lama gim lua-a kitheihna hang a tawlna leh navaklohna (stress) ahi hi. Tua in mihing pen bit zo lo a kitheihna piangsak a, kisap sanga tamzaw lakkhop a, midang neihsa suhsak a, midang kithutuakpih theihlohna

Read More
သင်းအုပ်နှင့် ခေါင်းဆောင်မှု:Rev.San Cung Nung
February 10, 2019 Burmese FGAIM

သင်းအုပ်သည် ၀ိညာဉ်ရေးရာ၌ ခေါင်းဆောင်ဖြစ်သောကြောင့် အသင်းတော်တစ်ခုလုံး၏ တိုးတက်ရာ တိုးတက်ကြောင်းသည် သူ၏ ခေါင်းဆောင်မှု အရည်အချင်းပေါ်တွင် အဓိက မူတည်သည်ဟု ဆိုနိုင်ပါသည်။ အသင်းတော်သည် လောကီအဖွဲ့အစည်း မဟုတ်သဖြင့် အာဏာထား၍ အုပ်စိုးရန် မဟုတ်ဘဲ၊ သမ္မာတရားနှင့် ညီညွတ်သော ခေါင်းဆောင်မှု ပေးနိုင်ရန် အထူးလိုအပ်သည်။ ရှင်ပေတရုသည် ခေါင်းဆောင်များထံတောင်းပန်စကားပြောဆိုရာတွင် “ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့” (၁ပေ ၅း၂-၃)ဟု ပြောပါသည်။ သို့ဖြစ်၍၊

Read More
ယုံကြည်သူများ၏ အခွင့်အာဏာ: Rev. San Cung Nung
January 25, 2019 Burmese FGAIM

အိမ်ထောင်မိသားစုမှစ၍ လူမှုအဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ အသင်းတော်နှင့် အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတွင် တာဝန်ရှိသူများသည် အတိုင်းအတာတစ်ခုအထိ အာဏာထားတတ်ကြစမြဲ ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ အသုံးပြုတတ်ပါက အောင်မြင်မှုရရှိနိုင်သကဲ့သို့၊ မှားယွင်းစွာ သုံးစွဲမိပါက အာဏာအလွဲသုံးစားသည်ဟု သတ်မှတ်ခြင်းခံရသည်။ ထိုနည်းတူစွာ ယုံကြည်သူခရစ်ယာန်များသည်လည်း မိမိရရှိထားသော အခွင့်အာဏာကို အသုံးချတတ်သူများဖြစ်ဖို့ လိုအပ်ပါသည်။ အခွင့်အာဏာကို မည်သို့ရရှိနိုင်သနည်း သမ္မာကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ဘုရားသခင်သည် လူသားကို ဖန်ဆင်းသည့်အခါ “ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ” ဟု အမိန့်တော်ရှိ၏။ ထို့အပြင် ဘုရားသခင်သည် သူ၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထးသော လူယောက်ျားနှင့် လူမိန်းမတို့ကိုလည်း “အချင်းတို့

Read More
ကျွန်ုပ်တို့၏ဝမ်းနည်းကြေကွဲခြင်းများကို ယူဆောင်သွားသူ :Rev.Van Hnuai Kim
January 16, 2019 Burmese FGAIM

📖 “ငြိုငြင်သောသူ၊ နာကြဉ်းခြင်း ဝေဒနာနှင့်အကျွမ်းဝင်သောသူ ဖြစ်၏။ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏” (ဟေရှာ ၅၃:၃-၄) ✅ ဘုရားသခင်ဟာ မိမိလူတို့၏ဝမ်းနည်းကြေကွဲခြင်းများကို နှစ်သိမ့်သောသူ၊ စိတ်နာကျင်မှုများကို ကုသပေးတဲ့အရှင် ဖြစ်တယ်။ ✅ ဘုရားသခင်ဟာ မိမိသားသမီးများ၏ဝိညာဉ်ကိုကယ်တင်၍ ကိုယ်ခန္ဓာကိုကျန်းမာစေရုံသာမက စိတ်နှလုံးကိုလည်း ကုသပေးတယ်။ 👉 အသင်းတော်မှာစိတ်ထိခိုက်နေသူ၊ အခြားသူများကြောင့်/ဘဝမှာကြုံတွေ့ခဲ့ရတဲ့အရာများ ကြောင့် နာကျင်ကြေကွဲသူတွေ များစွာရှိတယ်။ စိတ်ထိခိုက်နာကျင်နေသူတွေဟာ အခြားသူတွေကို စိတ်ထိခိုက်အောင် လုပ်တတ်ကြတယ် လို့ ဆိုတယ် (Hurt people hurt people). ဘုရားသခင်ရဲ့အလိုတော်က မိမိလူများကို စိတ်ထိခိုက်မှုများ၊ အတွင်းနာများ ပျောက်ကင်းလျက် စိတ်ပိုင်းကျန်းမာသူ၊ ရင့်ကျက်သူ၊ ခံနိုင်ရည်ရှိသူ ဖြစ်စေချင်တယ်။ မိသားစုမှာ ဖျားနာနေတဲ့ လူပိုမဟုတ်ဘဲ အသုံးဝင်တဲ့၊ မိသားစုတာဝန်ကို

Read More